Local News

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်အခြေအနေ

Last Updated:

ဂျုံ

       ယနေ့ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၀၀၀-၄၅၀၀၀) ကျပ်၊ဂျုံထွက်တိုးတစ်တင်းလျှင် (၄၂၅၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၃၅၀၀-၄၄၅၀၀)ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၁၅၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်တွင် ဂျုံဖြူသန့် တစ်တင်းလျှင် (၅၀၀)ကျပ်နှင့်ဂျုံထွတ်တိုးတစ်တင်းလျှင် (၁၀၀၀)ကျပ်မြင့်တက်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၄၂၇၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ (၄၃၇၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်တွင် ပဲစဉ်းငုံ တစ်တင်းလျှင် (၁၀၀၀)ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

မတ်ပဲ

       မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၁၀၀၀)ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ (၅၀၀၀၀) ကျပ်ဖြစ်၍ ယခုတစ်ပတ်တွင် မတ်ပဲ တစ်တင်းလျှင် (၁၀၀၀) ကျပ်မြင့်တက်လာပါသည်။

ပဲတီစိမ်း

       ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၅၀၀၀  ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှာ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၄၄၀၀၀ ကျပ်ရှိသည်။ ယခုတစ်ပတ်တွင် တစ်တင်းလျှင် (၁၀၀၀)ကျပ်နှုန်း မြင့်တက်လာပါသည်။

ကုလားပဲ(မျိုးစုံ)

       ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၅၁၀၀၀)ကျပ်၊ ကုဖြူလုံးသေး(၅၁၀၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၇၈၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၀၃၀၀)ကျပ်၊ ကုဖြူလုံးသေး(၅၀၅၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၆၈၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်တွင် ကုလားပဲမျိုးစုံ ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)

       ပြောင်းဖူးစေ့(စီပီ) တစ်တင်းလျှင် (၁၆၆၀၀) ကျပ်နှုန်းပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် (၁၆၈၀၀) ကျပ် ရှိ၍ တစ်တင်းလျှင် (၂၀၀)ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News